သတင်းများ

ဇလွန်မြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီက မိုးစပါးတစ်ဧက တင်း ၁၀၀ ရာနှင့်အထက် ထွက်ရှိရေး ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ)ဦးပိုင်အမှတ် ၅၂/၃၊ စိုက်ဧက ၇ ဧကနှင့် ဒေါ်စန်းမြင့်၏ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ) ဦးပိုင်အမှတ် ၆၀/၄၊ စိုက်ဧက ၅ ဧကတွင် ကျင်းပခဲ့ရာ တောင်သူဦးဝင်းမြင့်ဦး၏ မိုးစပါး တစ်ဧကလျှင် အစို(၁၄၅.၀၆) တင်း၊ အခြောက်(၁၃၀)တင်း၊ တောင်သူဒေါ်စန်းမြင့်၏ မိုးစပါးတစ်ဧကလျှင် အခြောက်(၁၁၇)တင်း ထွက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်ပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်အထက်များအား Covaxin ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၁၅နှစ်မှ ၁၈ နှစ်အထိ ကျောင်းပြင်ပကလေးများအား Sinovac ကာကွယ်ဆေးများကို ၃၁-၁၀-၂၀၂၂ ရက်နေ့ နံနက်၀၉:၀၀ နာရီက အမှတ်(၁၄) ရပ်ကွက်ရှိ၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့၌ စျေးနှုန်းသက်သာစွာဖြင့်  ငါးနှင့်ပုဇွန် စားသောက်ကုန်များ ရောင်းချပေးလျက်ရှိ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌  ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်  ငါးနှင့် ပုဇွန်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကိုယ‌မန်နေ့က  မြို့မစျေးရှေ့တွင် ရောင်းချ ပေးခဲ့ကြောင်း   သိရသည်။
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကို ယမန်နေ့က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကျင်းပ
Nov 01,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့မှ ပုဂ္ဂိုလ်များအား ထပ်ဆင့်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး​၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။