သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာရေးကိရိယာများ အခမဲ့ဖြန့်ဝေ
Apr 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် (အ.ထ.က)ကျောင်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာရေးကိရိယာများအား အလွယ်တကူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ (အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
လမိုင်းမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး
Apr 02,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်း စမှအသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက လမိုင်းမြို့ကျေးလက်ကျန်းမာရေး ဦးစီး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက်ကျင်းပမည်
Apr 02,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  မဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို စာစစ်ဌာန(၄)ခုဖြင့် စတင်ဖြေဆိုကျင်းပရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက စာစစ်ဌာနအလိုက် လုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါက ရှေးဦး မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်
Apr 02,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရုံးဌာနများ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါကလည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်‌စေရေးအတွက် ချက်ချင်းရှေးဦးမီးငြှိမ်း သတ်နိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက သထုံခရိုင် ကုန်းလမ်းပို့‌ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့် ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
သတင်းဓါတ်ပုံနှင့်အခြေခံသတင်း ရိုက်ကူးရေးသားပေးပို့နည်း (ရက်တို)သင်တန်းဖွင့်
Apr 02,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်နှင့်မြို့နယ်ရုံးများရှိ သတင်းလုပ်ငန်း လုပ်ကိုင်နေကြသူများနှင့် ဝန်ထမ်းများအား လုပ်ငန်းပိုမိုကျွမ်းကျင်မှုရှိလာစေရန်နှင့် သတင်းဝန်ဆောင်မှု လုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် သတင်းဓါတ်ပုံနှင့် အခြေခံသတင်းရိုက်ကူးရေးသားပေးပို့နည်း (ရက်တို)သင်တန်းကို မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနမှာ ဖွင့်လှစ်လျက်ရှိသည်။