မိုးနဲ ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အား အမှူးထား၍ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ကျောင်းတိုက်အတွင်းရှိ ဆုတောင်းပြည့် စေတီတော်၊ ခုနှစ်ရက် သားသမီးများ ကောင်းမှုစေတီတော် နှစ်ဆူအား ထီးတော်အထွတ်အမြတ်တင်လှူခြင်းနှင့် စုပေါင်းရှင်ပြု မင်္ဂလာကို အဆိုပါဘုန်းတော်ကြီး ကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆုတောင်းပြည့်စေတီတော်နှင့် ခုနှစ်ရက်သားသမီးကောင်းမှု စေတီတော်နှစ်ဆူကို တာချီလိတ်မြို့ ပုံလို့တောရ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ မိုးနဲမြို့ ဆုတောင်းပြည့် ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုမနနှင့် သံဃာတော်များက ထီးတော်အထွတ်အမြတ်ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
အလှူရှင်များစုပေါင်းရှင်ပြုပွဲတွင် ရှင်လောင်း ၂၅ ပါး ပါဝင်ပြီး မိုးနဲမြို့(မြောက်) နှစ်ကျိပ်ရှစ်ဆူစေတီ ဘုရားကိုလက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြပြီး အလှူရှင်များ စုပေါင်းလှူဒါန်းမှု အစုစုအတွက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင်း ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)