ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ နှင့်တွေ့ဆုံ

ရန်ကုန်   ဧပြီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ နှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်း ဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်း‌ဒေသကြီး ဥပ‌ ဒေအရာရှိ ဦးမောင်မောင်တာ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ဥပဒေအရာရှိများ၊ မြို့နယ်ဥပ‌ဒေ အရာရှိများ တက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မျှောမှန်းချက်ဖြစ်သော တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်ကာကွယ်စောင့် ရှောက်ခြင် ဆိုင်ရာအကြောင်း အရာများ၊တာဝန်ဖြစ်သော နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေး ဆိုင်ရာမူဝါဒများပိုမိုအားကောင်းလာ စေရန်အလေးထား ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လုပ်ပိုင်ခွင့်ဖြစ်သောမျှ တသောတရား စီရင်ရေးရရှိစေရန် ဆောင်ရွက်ရမည့်အပြင် တရားမျှတမှု မဏ္ဍိုင်ပြောင်းလဲမှု တွင်တက်ကြွစွာ ပါဝင်ဆောင်ရွက် ရမည့် အကြောင်း အရာများကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍တိုင်း‌ဒေသကြီး ဥပ‌ဒေအရာရှိ ဦးမောင်မောင်တာကလုပ်ငန်းခွင်အတွင်း အားနည်း ချက် အားသာချက်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးတက်ရောက် လာကြသော၊ တိုင်းဒေသကြီး အတွင်းရှိဥပဒေအရာရှိများက မိမိတို့၏လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)