သတင်းများ

မော်လမြိုင်ကျွန်း မြို့နယ်တွင် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နေ့လယ်စာအာဟာရလှူဒါန်း
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ် ချမ်းမြေ့ဘိုးဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ထမင်းနှင့်အာဟာရများ ပေးအပ်လှူဒါန်းပွဲအား ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၁၃) ရပ်ကွက်၊ ချမ်းမြေ့ဘိုးဘွားရိပ်သာ၌ ဆောင်ရွက်သည်။
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ဆောင်းနေကြာနှင့် နွေစပါးစိုက်ပျိုးသော တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆီထွက်နေကြာမျိုးစေ့ဖြန့်ဖြူး ပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာနှင့် နွေစပါး စိုက်ပျိုးသော တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆီထွက်နေကြာမျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင် ဆက်ကပ် လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာလ (၄) ရက် နံနက် (၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ မြို့တွင်း တစ်ပတ်လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၁၃၆)ဦးနှင့် Booster Dose ထိုးနှံသူ (၄၄)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ(၁၉၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများ အတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ် နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက်  လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီတွင် ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ဟုမ္မလင်းမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းဆောင်ရွက်
Nov 01,2022
ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းခန့်မှန်းနိုင်​ရေးအတွက် စိုက်ပျိုး​ရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းခြင်းကို အောက်တိုဘာ(၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံး​ကျေးရွာ၊ ကွင်းအမှတ်(၆၂)၊ နားနုံးပါမလုံကွင်း၊ ဦးပိုင်အမှတ်(၇၃) ​တောင်သူ ဦး​အောင်စိုးလွင်၏ (SRI)စနစ်ဖြင့် စိုက်ပျိုးထား​သော ဆင်းဧကရီ-၃ စိုက်ခင်း ၆.၆ ​ပေ ပတ်လည်စံကွက် ရိတ်သိမ်းခဲ့ရာ စံကွက်အထွက် နို့ဆီဘူး (၁၃.၃)ဘူး ထွက်ရှိပြီး တစ်ဧက အထွက်တင်း(၁၀၄)တင်း ထွက်ရှိခဲ့ကြောင်းသိရှိရသည်။