သတင်းများ

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး အေရိုဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ်
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး  အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာယနေ့နံနက်ပိုင်းက အေရိုးဗစ် သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ မြို့နယ်သံဃနာယကသြဝါဒခံယူပွဲ ကျင်းပ
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် သုခါ သံဃဿ သာမဂ္ဂီ၊ မြို့နယ်သံဃနာယက သြဝါဒခံယူပွဲကို ယမန်နေ့က မိုင်းယောင်းမြို့ ကျက်သရေ ဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း (၅)နှစ်တာကာလ ကျေးလက်လမ်းတံတားပေါင်း (၁၇၄၀)စင်း ဆောက်လုပ်ပြီးစီး
Apr 02,2022
မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်သူများ အကျိုးစီးပွားအတွက် အဓိကအရေးပါသော ကျေးလက်ထုတ်ကုန်များကို သယ်ယူပို့ဆောင်စရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိနိုင်စေရန်နှင့် ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ကောင်း မွန်စေရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလ အတွင်း ကျေးလက်လမ်းတံတားပေါင်း (၁၇၄၀)စင်းခန့် ဆောက်လုပ်ပေးနိုင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
မောက်မယ်မြို့နယ်၌မြို့အဝင်အထွက်ဂိတ်တွင်ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပါ/မပါစစ်ဆေး
Apr 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့အဝင်အထွက်ဂိတ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) မပါရှိပဲခရီးသွား လာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များ ပါ/မပါ စတင်စစ်ဆေး ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်
Apr 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများလျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ ကာယဉာဏဖွံ့ဖြိုးစေရန် အားကစားပြိုင်ပွဲများကျင်းပ
Apr 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကလေးငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ  အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း
Apr 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့နံနက် ၁၀ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
ကရင်ပြည်နယ်၏မြို့တော်ဘားအံတွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 02,2022
မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။