စဉ့်ကိုင်မြို့နယ် စျေးဟောင်းကွက်သစ်ရပ်တွင် အခြေခံစားသောက်ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Nov 01,2022
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူများ စားသောက်ကုန်၀ယ်ယူရာတွင် စျေးနှုန်းသက်သာစေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး (ကျောက်ဆည်) နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ စျေးဟောင်းကွက်သစ်ရပ်၊ ဘောလုံးကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းက အခြေခံစားသောက် ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။