သတင်းများ

တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူပွဲကျင်းပ
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာ ကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀) ရှင်ပြုပွဲကို ယနေ့ နံနက်ပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု ‘ဗဟို’ ကျောင်းတွင် ကျင်းပကြောင်း သိရှိရပါသည်။
မင်းဘူးမြို့တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် နမ္မတူရပ်ကွက်တွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းဆက်လက်ဆောင်ရွက်
Apr 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နမ္မတူရပ်ကွက်အတွင်းရှိ မွေးကင်း စမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းရှိ/မရှိ စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်
Apr 02,2022
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လိုအပ်ချက်အရ သွားလာနေကြသည့် မိဘပြည်သူများ အနေဖြင့် ခရီးသွားရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ် ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသ၍စစ်ဆေးခံရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိ ပေးနှိုးဆော်ထားပြီးဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ နိုင်ငံသားကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းကိုယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်၌ ကာကွယ်ဆေးမထိုးရသေးသည့် ဒေသခံပြည်သူများအား ကောက်သင်းကောက် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး
Apr 02,2022
 ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ​ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၆)ဖွဲ့ဖြင့် ကျေးရွာအရောက် ကောက်သင်း ကောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်
Apr 02,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ UNESCO ဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က ရှစ်သောင်းပုထိုးတော်ကြီးနှင့် တုက္ကံသိမ်ပုထိုးတော်ကြီး နေရာများ၌ ပေါက်ရောက်နေသော ခြုံနွယ်များ၊ လမ်းဘေးဝဲယာရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်များပူးပေါင်း၍စာဖတ်ဝိုင်းကျင်းပ
Apr 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်ကစာရေးဆရာ မောင်မိုးယံရေးသားသည့် လူငယ်နှင့်အနာဂတ်မြှင့်တင်ရေး ဆောင်းပါး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။