Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လူငယ်များအားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် ဆောင်ရွက်သော နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Apr 04,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဆောင်ရွက်သော နွေရာသီအားကစားသင်တန်းဆင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာ ဆက်လက်ဖြေဆို
Apr 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒဘာသာကို ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနများ၌ အေးချမ်းစွာ ဆက်လက်ဖြေဆိုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြည်သူများထံ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေး
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်း ၉ နာရီအချိန်က ရှမ်းတဲကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံ သွားရောက်ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု
Apr 04,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယမန်နေ့ ညပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင် ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျန်းမာရေး၊ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ကူညီဖြည့်ဆည်းဆောင်ရွက်
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ဓာတုဗေဒဘာသာရပ်ကို စာစစ်ဌာန(၄)ခုတို့တွင် စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက စာစစ်ဌာနအလိုက်စာ မေးပွဲဖြေဆိုရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ထားသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီဆရာ၊ ဆရာမများက ကိုယ်အပူချိန် တိုင်းတာခြင်း၊နှာ ခေါင်းစည်းမတ်များတပ်ဆင် စေခြင်း၊ လက်သန့် ဆေးရည်စသည့်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လုံခြုံရေးကိစ္စ ရပ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Apr 04,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းအချိန်က ညံတောအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာသီးနှံစိုက်ပျိုးရေးအတွက် ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် နေကြာမျိုးစေ့ထုတ်လုပ်ရေးနှင့်အထွက်နှုန်းတိုးတက်ရေးဝန်ထမ်း/တောင်သူ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်
Apr 04,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ နေကြာမျိုးစေ့ထုတ်လုပ်ရေးနှင့် အထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18729
Page
18730
Page
18731
Page
18732
Current page
18733
Page
18734
Page
18735
Page
18736
Page
18737
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department