ထားဝယ် ဧပြီ ၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ရုပ်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ရုပ်ရှင်လုပ်ငန်းရှင်များအနေဖြင့် ရုပ်ရှင်ရုံ များ အမြန်ဆုံးဆောက်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်းl နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်အကူအညီပေးရန်အသင့်ရှိကြောင်း၊ ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ပြသနိုင်အောင်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ယခုတွေ့ဆုံပွဲတွင် တင်ပြပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ရုပ်ရှင် နည်းဥပဒေများအရ ရုပ်ရှင်ရုံလိုင်စင်ရယူ၍ ရုပ်ရှင်ပြသခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်ရှင်ရုံ လိုင်စင်ခွင့်ပြု ထားရှိပြီးဖြစ်ကြောင်း၊ ရုပ်ရှင်ပြသခွင့်လိုင်စင်သက်တမ်း တိုးရန်နှင့်ရုပ်ရှင်ရုံများ၏ လက်ရှိဆောင်ရွက် ထားရှိမှု များကိုတင်ပြဆွေးနွေပေးရန်လိုအပ်ကြောင်း၊ ရုပ်ရှင်ပြသနိုင်ရေးအတွက် အချိန်အတိုင်း အတာတစ်ခုသတ်မှတ်ပေးစေ လိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရုပ်ရှင်လုပ်ငန်းရှင်ဒေါက်တာယုဝါက တွေ့ကြုံနေရသောအခက်အခဲများနှင့် လက်ရှိ ဆောင်ရွက်ထားရှိမှုအခြေ အနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)