ရမ်းဗြဲ ဧပြီ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုတွင် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေလျက်ရှိကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာရင်းရှိကျောင်း တွင်းဖြေဆိုရန် (၁၁၁၇)ဦး နှင့် ပြင်ပဖြေဆိုရန် (၁၁၁၃)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၂၂၃၀)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့ဖြေဆိုသူ (၂၀၃၂)ဦး၊ ပျက်ကွက်သူဦးရေ (၁၉၈)ဦးရှိရာ ဖြေဆိုသူ ၉၁.၁၂ ရာခိုင်နှုန်းနှင့်ပျက်ကွက်သူ ၈.၈၈ ရာခိုင်နှုန်းရှိသည်။
ထိုသို့ ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အ.ထ.က၊ ကုန်ဘောင်စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အ.ထ.က၊ကုန်ဘောင်စာစစ်ဌာနတွင် စာမေးပွဲကို အေးချမ်းစွာဖြေဆို နေကြသည့် ကျောင်းသား/ကျောင်းသူများအတွက် အထောက်အကူဖြစ်စေရန် ရမ်းပေါက်ဇုံနယ် ပရဟိတအသင်းများ အဖွဲ့မှ ခဲဖျက်၊ ခဲတံပေတံ၊ ဘောပင်များကို အခမဲ့ကူညီပံ့ပို့ပေးလျက်ရှိကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)