ပေါက်မြို့နယ်၌ တက္ကသိုလ်ဝင် တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူ များ ဆက်လက်ဖြေဆို

ပေါက် ဧပြီ ၁

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယမန်နေ့က စတင်ကျင်းပရာ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (အထက-ပေါက်မြို့) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုလျက် ရှိသည်။

ပေါက်မြို့နယ်၌ ၂၀၂၁-၂၀ ၂၂ တက္ကသိုလ်ဝင်တန်းစာမေး ပွဲတွင် စာရင်းရှိကျောင်းသား ကျောင်းသူစုစု ပေါင်း ၅၀၅ ဦး ရှိရာ ယနေ့ အင်္ဂလိပ်စာနေ့တွင် လာရောက်ဖြေဆိုသူ ကျောင်း သား ၁၇၉ ဦး၊ ကျောင်းသူ ၂၆၃ ဦး  စုစုပေါင်း ၄၄၂ဦးရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)