တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို   

တောင်ပြိုလက်ဝဲ ဧပြီ   ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာန အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာနတွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်း၍ပြင်စည်းကြီးကြပ်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး၊ နယ်မြေခံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦး ရှိရာယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၉)ဦး၊ ပျက်ကွက်သူ(၆)ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၅.၂၀) ရာခိုင်နှုန်းဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန ကြီးကြပ်ရေးမှူးထံမှ သိရသည်။

 တောင်ပြို(ပြန်/ဆက်)