ဘီးလင်း​မြို့နယ်တွင် ကျား/မအခြေပြု အကြမ်းဖက် (Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဘီးလင်း ဧပြီ ၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျား/မ အခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ​မျိုးမင်းက (၂၀၁၆) ခုနှစ်အတွင်း ကောက်ယူခဲ့သော မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး အချက်အလက် စစ်တမ်းပေါ်မူတည်၍ တွေ့ရှိရသော မြန်မာနိုင်ငံရှိ ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုင်များ သိကောင်းစရာများကို power point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် မေးမြန်ချက်များကို တင်ပြ ဆွေးနွေးကြရာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမျိုးမင်းက ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြောင်း သိရသည်။

ထူးနောင်