သင်္ဃန်းကျွန်း ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လည် ၁၂ နာရီထိ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အထက(၁)၊ အထက (၄) ၊ အထက (သုဝဏ္ဏ) စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၁၇၉)ဦးဖြေဆိုကြရာဖြေဆိုမှုရာခိုင်နှုန်း ၈၉.၂၅ % ရှိကြောင်း သိရသည်၊၊
စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက် ရှိကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများအားမြို့နယ် ရဲတပ်ဖွဲဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး