ဟိုပုံး ဧပြီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှေးဦးပြုစုနည်း အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗ ဟိုဌာန (Community Centre ) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟိုပုံးမြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီမှ အမှာစကား ပြောကြားပြီးနောက် ဟိုပုံးပြည်သူ့ဆေးရုံမှ ဒေါက်တာမေသန္တာစိုးက ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော သင်တန်းသား/သူများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး၊ မြို့နယ်ကြက်ခြေနီ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာနိုင်တို့က သင်တန်းဆင်း လက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြပြီး သင်တန်းသူ မပါရမီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မတ်လ(၂၉)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ စာတွေ့/လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်