ရွှေပြည်သာ ဧပြီ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်၌မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာ မြို့နယ်အမှတ်(၂၂)ရပ်ကွက်၌ လာရောက်ရောင်ချပေးလျက်ရှိကြောင်းသိရသည် ထိုသို့ရောင်ချ ပေးရာတွင် ဆန်ချော(၁)ပြည် ၂၀၀၀ကျပ် ဆန်ကြမ်း(၁)ပြည် ၁၂၀၀ ကျပ် ဆီ(၅၀)ကျပ်သား တဗူးလျှင်၄၀၀၀ကျပ် ကြက်ဥ ၁၀လုံးကတ်(၁)လျှင် ၁၅၀၀ကျပ်တို့ဖြင့် ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)