ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covaxin)ဆက်လက်ထိုးနှံ

ပေါက်တော ဧပြီ ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ်ကို ယမန်နေ့က ဘုန်းတော်ကြီး(၁)ပါး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ (၃၀) ဦး၊ အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူများ(၉၁၉) ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ/ လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်မှဝန်ထမ်းများ(၅၁) ဦး၊ မှီခို (၆၄) ဦး၊ မသန်စွမ်း(၃) ဦး၊ စုစုပေါင်း (၁၀၆၈) ဦး လာရောက်ထိုးနှံခဲကြပြီးကျန်ရှိပြည်သူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ် များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)