သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးဆောင်ရွက်

သင်္ဃန်းကျွန်း  ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံ ခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူမျာရောဂါ COVID SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌  ကိုဗစ်ရောဂါကာကွယ်ဆေးများကိုဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန် ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကိုဧပြီ  ၁ ရက်နေ့ တွင်COVID SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၁၇၁) ဦးနှင့် ဒုတိယအကြိမ်ထိုးနှံသူ (၂၄)ဦး၊ COVID SHIELD (Booster)ထိုးနှံသူ (၁၈)ဦးတို့အား ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

စန္ဒာမိုး