လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်

တောင်ကုတ်   ဧပြီ  ၂

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအားပြောကြားပြီးနောက်  ပန်းချီပညာရှင်များဖြစ်ကြသည့် ဆရာ ဦးထွန်းငြိမ်းနှင့် ပန်းချီရက္ခတို့မှ မိတ်ဆက်စကား ပြောကြား သည်။

အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ (၃၅) ဦး တက်ရောက်ကြပြီး သင်တန်းမှာ ရက်သတ္တ(၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)