ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ် (မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်းရှိမရှိ စတင်စစ်ဆေး

ပင်လောင်း  ဧပြီ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူ များအား နိုင်ငံသားကတ်(မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်း ရှိမရှိ စစ်ဆေးသည့်လုပ်ငန်းကို မြို့အဝင် ပင်လောင်း-လွိုင်ကော်- ပျဉ်းမနားလမ်းခွဲ စုပေါင်းစစ်ဆေးရေးဂိတ်၌  နေ့စဉ်နံနက် ၆ နာရီမှ စတင်စစ်​​ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင်၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ခရီးသွားပြည်သူများအား ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားကြဖို့ မမေ့​ကြရန်နှင့် ထောက်ခံစာဖြင့်  ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်း ခွင့်မပြုတော့ကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) အသုံးပြုရမည့်နေရာ တိုင်းတွင် ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) မရှိသေးသူများ၊ ပျောက်ဆုံးပျက်စီးသူများအား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံ တင်ရေးဦးစီးဌာနရုံး၌​​​ ဖြစ်စေ၊ ပန်းခင်းစီမံချက်ဖြင့်လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်) ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ခွန်အာကာစိုး