ပန်းတောင်း ဧပြီ ၄
စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူးသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပညာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးမည့် မြေနေရာများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးက ပန်းတောင်းမြို့နယ်ရုံး၌ စိုက်ပညာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုး၊ဆောင်း နေကြာ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားပြီး မိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးမည့် မြေနေရာများဖြစ်သည့် တောင်ဘွေအုပ်စု၊ နတ်မောက် အုပ်စုကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံကာ မြောင်ရှည်ကျေးရွာတွင် တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး