မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးဆော်သြ

မိုင်းယောင်း ဧပြီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆော်သြအသိပညာပေးရေးအဖွဲ့မှ ယနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ မဖြစ်မနေ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ခပ်ခွာခွာနေရန်၊ ဦးတည်အုပ်စု အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် အသံချဲ့စက်ဖြင့် တိုက်တွန်း နှိုးဆော်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း