ကျိုက်လတ် ဧပြီ ၄
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက် (၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(ရုံးဒေါင့်)၊ အ.ထ.က(လှိုင်းတာ)၊ အ.ထ.က(အိမ်ယာကြီး)၊ အ.ထ.က(ထရော်ရွာသစ်) ကျောင်းများ၌ ဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၁၀) ဦး စာရင်းပေးသွင်းထားပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၆၄၈)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၆၂)ဦး ပျက်ကွက်သောကြောင့် ယနေ့ဖြေဆိုသူ ၉၁.၂၇% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်လတ်မြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြီးကြပ်ပေးလျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအပါအဝင် ကျောင်းအပြင်စည်း လုံခြုံရေးကော်မတီဝင်များကလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)