ကန်ကြီးထောင့် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း၌ ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာရပ် ဖြေဆိုရန်အတွက် စာရင်းရှိဦးရေမှာ (၅၆၈)ဦးဖြစ်ပြီး ဖြေဆိုသူဦးရေမှာ (၅၂၅)ဦးဝင်ရောက်ဖြေဆိုခဲ့သည်။ ပျက်ကွက်သူဦးရေမှာ (၄၃)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုံခြုံရေးများ ဆောင်ရွက်ထားရှိပေးသကဲ့သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)