ဆိပ်ဖြူ(အ.ထ.က)၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသော ကျောင်းသား/ကျောင်းသူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေး

ဆိပ်ဖြူ ဧပြီ ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်း (Mask)များကို ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲက ဆိပ်ဖြူ (အ.ထ.က)စာဖြေဌာနတွင် အခမဲ့ ဖြန့်‌ဝေသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးပိုင်နှင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများက   မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို လျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိဘဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် အသီးသီးကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်စေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းဖြစ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ပဥ္စမနေ့ ရူပဗေဒ ဘာသာရပ်ကို မြို့နယ် အတွင်းရှိ စာဖြေဌာန (၃)ခုတွင် ဖြေဆိုရန် စာရင်းရှိ (၄၃၀) ဦး၊ လာရောက်ဖြေဆိုသူ (၃၂၆) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ(၆၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၄ ဒဿမ ၁၉) ရှိကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် ကျန်ရှိသည့် ဘာသာရပ်များကို သတ်မှတ်ရက်များတွင် ဆက်လက်ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနဆိုင်ရာများ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)