ကျိုင်းတုံ ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ကို ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိ ကျင်းပလျက်ရှိရာ ကျိုင်းတုံမြို့နယ်တွင် စာစစ်ဌာန ၆ ခု ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ ယနေ့ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၁၁၀၅ ဦး အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန စုစု ပေါင်း ၁၇ ခု ဖွင့်လှစ်ထားရှိပြီး ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၉.၆၄ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အောင်ဇင်မြင့်