ကျောက်တန်း ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းရှိ/မရှိကို ယမန်နေ့ညနေ၃နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးအောင်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆင်ကန်ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် မီးချိပ်မီးကတ်၊ သဲပုံးရေးပုံး အလွယ်တကူ ရယူအသုံးပြနိုင်ရန် ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမဖြစ်ပွားစေရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ အစိုးရဌာနပိုင် အဆောက်အဦးများအား ဦးစားပေး(၁)အဖြစ်လည်းကောင်း၊ စက်ရုံ၊အလုပ်ရုံ၊သိုလှောင်ရုံများ၊ ဈေးများ၊ ဟိုတယ်မိုတယ်များနှင့် မီးဘေး စိုးရိမ်ရသောနေရာများအား ဦးစားပေး(၂)အဖြစ်လည်းကောင်း၊ လူနေရပ်ကွက်များရှိ နေအိမ်များအား ဦးစားပေး(၃) အဖြစ်လည်းကောင်း သတ်မှတ်၍ မီးဘေးလုံခြုံရေးဆိုင်ရာများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်