နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသားကျောင်းသူ ၆၇၈ ဦး လာရောက်ဖြေဆို

နမ့်စန်() ဧပြီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ယနေ့နံနက် နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလမ်)စာစာဌာန ၂ ခုတို့တွင် ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၇၄၃ ဦးတွင် လာရောက် ဖြေဆိုသူ ကျား ၂၆၂ ဦး၊ မ ၄၁၆ ဦး၊ စုစုပေါင်း ၆၇၈ ဦးရှိပြီး  ဖြေဆိုရန်ပျက်ကွက်သူ  ၆၅ ဦးရှိကာ ဖြေဆိုမှု ၉၁ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်များနှင့်စက်သံများဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များမဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)