မာန်အောင် ဧပြီ ၆
၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ဖြေဆိုလျက်ရှိရာ ယနေ့သိပ္ပံတွဲနောက်ဆုံးနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင်လာရောက်ဖြေဆိုသူ ကျောင်း သား၊ ကျောင်းသူ၁၀၈၆ ဦးရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက-မာန်အောင်၊ အထက(ခွဲ)စျေးတန်း၊ အထက(ခွဲ)ကျောက်တန်း၊ အထက-ကမား၊ အထက-ဇရပ်ကုန်းခင် စသည့်စာစစ်ဌာနများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဇီဝဗေဒ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ စာရင်းရှိ ၁၇၁ ဦး၊ လာရောက် ဖြေဆိုသူ ၁၆၄ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၅. ၉၁) ရာခိုင်နှုန်း၊ဘောဂဗေဒဘာသာရပ်တွင်ဖြေဆိုရန် စာရင်းပေး သွင်းထားသူ ၁၀၁၇ ဦး၊လာရောက်ဖြေဆိုသူ ၉၂၂ ဦးရှိရာဖြေဆိုမှုရာခိုင်နှန်း(၉၀•၆၆ ) ရာခိုင်နှန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ကျောင်းတွင်း/ကျောင်းပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)