ကြို့ပင်ကောက်မြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကြို့ပင်ကောက်  ဧပြီ  

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရန်ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအား စတင်ထိုးနှံပေးလျက်ရှိရာ ဗောဓိရုက္ခ အလယ်တန်းကျောင်းနှင့် ဆေးထိုးစုရပ်(၁၀)နေရာတွင် ယနေ့နံနက် နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုနေရသည့် ကျောင်းသားကျောင်းသူ များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် မွန်တည့် ၁၂ နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၇၀၀၃၈ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၇၃၁၃ ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၂၆၇၀ ဦး၊ ကျောင်းသားကျောင်းသူများအား ပထမအကြိမ်ထိုးနှံပြီးသူ ၄၁၃၈ ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ ၃၅၈၂ ဦး တို့ရှိပြီဖြစ်ကြောင်း ကိုယ်ဝန်ဆောင်မိခင် ၉၃၀ ဦးကိုလည်း ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးပြီးသွားပြီဖြစ်ကြောင်း ဧပြီလ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် အထက်တန်း အလယ်တန်းကျောင်းသားကျောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)