ငပုတော ဧပြီလ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရုံး၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ ရက်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဗဟိုမဏ္ဍပ်တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ညစဉ် ယိမ်းအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ယခင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သင်္ကြန်ပွဲတော် မကျင်းပနိုင်သော်လည်း ယခုနှစ်တွင် ယိမ်းအဖွဲ့များက အလှည့်ကျကပြ ဖျော်ပြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် ကျင်းပမည်ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)