တွံတေး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစီအစဉ်ဖြင့် ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVID SHIELD ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး များကို ဇီးဖြူကုန်းကျေးရွာတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုနည်းတူ ခရမ်းဝကျေးရွာ ဆေးထိုးအခြေပြုတွင် မသွားလာနိုင်သော မကျန်းမာသူများအား အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးပေးပြီးကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဆေးထိုးနှံနိုင်ရန် မြေပြင်ကွင်းဆင်း၍ mobile အဖွဲ့စုံဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း သိရသည်။
တွံတေးသား