ပဲခူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရွှေမော်ဓော စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းဗဟိုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ဘုရားပွဲတော် ကျင်းပရေးနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားပြီး၊ ဗဟိုကော်မတီအတွင်းရေးမှူး ဦးလူဖေဝင်းက ပွဲတော် ကျင်းပရေး စီမံချက်အား ရှင်းလင်းတင်ပြမှုအပေါ် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ရက် (တန်ခူးလဆန်း ၁၀ရက်) နေ့မှစ၍ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
(ခရိုင်၊ ပြန်/ဆက်)