မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မောင်တော ဧပြီ  ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခုဖွင့်လှစ်၍ နံနက် ၉ နာရီအချိန်မှ မွန်းတည် ၁၂ နာရီအချိန်ထိ  ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။

ယင်းသို့ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာနသုံးခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူဦးရေ (၇၈၀)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၅၇၂)ဦးနှင့် မ(၁၁၀)ဦး၊ ပေါင်း(၆၈၂)ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၉၅) ဦး၊မ  (၃)ဦးပေါင်း (၉၈)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၇ ဒသမ  ၄၄)ဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ (၁၂ ဒသမ ၅၆)ဖြစ်ကြောင်းနှင့် ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူဦးရေ (၆၇၈)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၂၃၉)ဦး နှင့် မ(၃၃၉)ဦး ပေါင်း (၅၇၈) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၄၀) ဦး၊မ  (၃၀)ဦးပေါင်း (၇၀)ဦး ဖြေဆို ရန်ပျက် ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၉ ဒသမ  ၂၀)ဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ (၁၀ ဒသမ ၈၀) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေး များ ထားရှိကာ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊သက်လွင်စိုး(ပြန်/ဆက်)