ကျောက်တန်း ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အထက(၁)၊ အထက(တံတား)၊ အထက(ကမာကလုတ်) စာစစ်ဌာန ၃ ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၁၈၉)ဦး၊ ဖြေဆိုသူ(၁၈၂)ဦး၊ ပျက်ကွက်(၇)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း၉၆.၃နှင့် ပျက်ကွက်မှုရာခိုင်နှုန်း ၃.၇၀ ရှိသည်။ အလားတူ ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၇၁၁)ဦး၊ ဖြေဆိုသူ(၆၄၂)ဦး၊ ပျက်ကွက်၆၉)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၀.၃ နှင့် ပျက်ကွက်မှုရာခိုင်နှုန်း ၉.၇၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မိဘဆရာအသင်းနှင့် ကျောင်းကော်မတီနှင့်တာဝန်ရှိသူများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)