မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ထောက်ပံ့

မိုင်းကိုင် ဧပြီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို  အ.ထ.က (မိုင်းကိုင်)စာစစ်ဌာန၌  ယနေ့တွင်လည်း  အေးချမ်းတည်ငြိမ်စွာဖြင့် ဖြေဆိုပြီးစီးခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လာရောက်ဖြေဆိုခဲ့သော ကျောင်းသားကျောင်းသူများအား  ထောက်ပံ့သည့်အနေဖြင့် ယနေ့နေ့လည်ပိုင်းက နယ်မြေခံတပ်ရင်းဖြစ်သည့် အမှတ်(၅၁၄) ခြေမြန်တပ်ရင်း မိသားစုက အာဟာရအစားအစာများအဖြစ်မုန့်နှင့် အအေးဗူးများကို လာရောက်လှူဒါန်းခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား ၁၉ ဦး ၊ ကျောင်းသူ ၇၄ ဦး၊ ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၉၃ ဦးရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)