ကလော နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်းသည် ကလေးသူများ အသိပညာဗဟုသုတများတွင်ရရှိနိုင်ရေးအတွက် အားလပ်ချိန်များတွင် ပြင်ပစာပေများကို လေ့လာဖတ်ရှုစေရန်နှင့်စာပေဖတ်ရှုခြင်းအတွက် မိမိတို့၏အတွေးအခေါ်များ မှန်ကန်စွာတွေးတတ်ပြောတတ်သည့် အလေ့အကျင့်ကောင်းများစွာရရှိနိုင်ပါကြောင်း ထို့ကြောင့်မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးနေရခြင်းဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်ယဉ်ယဉ်ထွေး စာကြည့်တိုက်လက်ထောက်-၃က ကလေးများစိတ်ဝင်စားစေမည့် ပုံပြင်စာအုပ်လေးထဲမှ ရုန်တူစာပေနှင့်ယဉ်ကျေးမှုကော်မတီမှရေးသားပြုစုသည့် ရိုးသားခြင်း၏အကျိုးကျေးဇူး ဆိုသည့်ပုံပြင်လေးကို ပြောပြခဲ့ရာကလေးငယ်များက စိတ်ဝင်တစားနားထောင်ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များထဲမှ မိမိတို့ငှားရမ်းဖတ်ရှုလိုသည့် စာအုပ်စာစောင်များကိုငှားပေးခဲ့ခြင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အေးခိုင်(ကလော)