မုံရွာ နိုဝင်ဘာ ၃
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ အထက(၂)မုံရွာတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မာရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ဘဏ္ဍာရေးရာလုပ်ငန်းများ (ငွေလုံး)၊ ဘဏ္ဍာရေးရာလုပ်ငန်းများ (သာမန်)၊ ကျောင်းထောက်ပံ့ကြေးဆိုင်ရာလုပ်ငန်းများ၊ ကိုယ်ပိုင် ကျောင်း၊ ဘကကျောင်းများဆိုင်ရာလုပ်ငန်းများ၊ အခြေခံပညာဖွဲ့စည်းပုံစနစ် တတ်မြောက်မှု ဆိုင်ရာလုပ်ငန်းများ၊ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း ဝန်ထမ်းရေးဆိုင်ရာလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ အခြေခံပညာကျောင်းရှိ အဖွဲ့အစည်းများ ဆောင်ရွက်ခြင်း လုပ်ငန်း များကို နိုဝင်ဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီထိ လည်းကောင်း၊ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ အချိန်ထိလည်းကောင်း (၅)ရက်ကြာ သင်တန်း နည်းပြဆရာများနှင့် ဒုတိယမြို့နယ်ပညာရေးမှူး (၂)ဦး၊ လက်ထောက်မြို့နယ် ပညာရေးမှူး (၂)ဦး၊ အထက်တန်းကျောင်းအုပ်(၁၅)ဦး၊ အလယ်တန်းကျောင်းအုပ် (၁၆)ဦး၊ မူလတန်းကျောင်း အုပ်(၆၀)ဦး၊ စုစုပေါင်း(၉၅)ဦးတို့က ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)