လက်ပံတန်း နိုဝင်ဘာ ၃
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း (ရွှေတောင်-ချည်/ထည်/ချော) က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များနှင့် ဆရာ/ဆရာမ များက ဆရာ မြင်းမူမောင်နိုင်မိုး၏ “ဘဝကျောင်းမှဆောင်းခတ်သံ” ကဗျာများ စာအုပ်ပါ ကဗျာခေါင်းစဉ်အလိုက် တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး၊ အဆိုပါစာဖတ်ဝိုင်းကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် လစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)