လဲချားတွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

လဲချား နိုဝင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က (အ-ထ-က)လဲချားကျောင်း အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းမှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းသင်တန်းသို့ လဲချားမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်း ၊မူလတန်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမ (၈၀)တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ယနေ့မှ (၄)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ  စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းနှင့်ကြီးကြပ်အကဲဖြတ် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)