မြို့သစ် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင် ငွေရရှိနေပြီဖြစ်ကြောင်း သိရသည်။ ယခုအခါ ဝါအဆိုအခြောက်ပေါ်မူတည်၍ ဝါတစ်ပိဿာလျှင်(၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်စျေးအထိ အရောင်း/အဝယ်ဖြစ်ပြီး၊ ယခင်နှစ်က ဝါတစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်စျေးသာရရှိကြောင်း၊ ယခုနှစ်တောင်သူများ ဝါပေါက်စျေးနှုန်း ပိုမိုရရှိကြောင်း ဝါစိုက်ပျိုးတောင်သူ တစ်ဦးမှ ပြောသည်။ မြို့သစ်မြို့မှ ဝါပေါက်ဝယ်ယူသည့်ပွဲရုံများ၌ တစ်နေ့လျှင် ဝါပိဿာချိန် (၅၀၀)ပိဿာမှ (၁၀၀၀)ပိဿာအထိ အရောင်း/အဝယ်ရှိကြောင်း ဝါအဝယ်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစဦး၏ ပြောပြချက်အရ သိရသည်။
မြို့သစ်မြို့နယ်တွင် ယခင်က ဝါစိုက် ဧက(၂၃၇၅၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ဝါပိဿာချိန်(၆၀၀)ပိဿာ ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ဝါစိုက်ဧက(၂၃၄၇၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရဦးစီးဌာနက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)