မိုင်းရယ်မြို့နယ် လုတ်ခိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

မိုင်းရယ် နိုဝင်ဘာ ၃

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက မိုင်းရယ်မြို့နယ်၊ လုပ်ခိုက်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း (လုတ်ခိုက်) တွင် ပြုလုပ်သည်။

အခမ်းအနားတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ခင်မာလာက စာဖတ်ရှိန်မြှင့်တင်ရေး အတွက် လူငယ်လူရွယ်တိုင်းစာဖတ်ကြရန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက လူငယ်ရေးရာအသိပညာပေးအဖြစ် လူငယ်နှင့်အားကစားခေါင်း စဉ်ဖြင့်လည်းကောင်း ဟောပြောပါသည်။ ယင်းနောက်  အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိမှ မူလွန်(လုတ်ခိုက်) ကျောင်းအတွက် ဘောလုံးများပေးအပ်လှူဒါန်းပါသည်။

ဆက်လက်ပြီး မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြန်မာစာ စာလုံးပေါင်းသတ်ပုံ မှန်/မှားပြိုင်ပွဲကို ကျင်းပပေးရာ ကျောင်းသား/သူ (၁၇) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်