တံတား နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို၌(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုအလယ်တန်းပြဆရာမကြီးဒေါ်မူမူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသားကျောင်းသူများအား မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ (၁၀၂)ပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ဟာ မြန်မာတို့ရဲ့လွတ်လပ်ရေးတံခါးပေါက်ကို ဖွင့်ပေးလိုက်သောနေ့ဖြစ်ကြောင်း၊ ပညာကိုအပတ်တကုတ်သင်ကြားသင့်ကြောင်းပြောကြားခဲ့သည်၊ ဆက်လက်၍ ဒုအလယ်တန်းပြဆရာမကြီး ဒေါ်စိုးစိုးခိုင်မှ အမျိုးသားနေ့ဟာ နှစ်ပေါင်း(၁၀၂)ပြည့်နှစ်တိုင်ရှိနေပြီဖြစ်ကြောင်း ကျောင်းသားကျောင်းသူများ ပညာကိုသင်ကြားခွင့် သင်ယူခွင့်ရရှိနေကြခြင်းမှာ ဘိုးဘွားတွေ့ရဲ့ကျေးဇူးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုအလယ်တန်းပြဆရာမကြီး ဒေါ်စုမွန်ခိုင်မှ အမျိုးသားနေ့ရောက်တိုင်း ဇာတိသွေး၊ ဇာတိမာန်စိတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်၊နိုင်ငံကိုချစ်မြတ်နိုးသော မြန်မာလူမျိုးများဖြစ်အောင် နေထိုင်ကြရန်ပြောကြားရင်း အမျိုးသားနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ဇာတိမာန်တေးသီချင်းသီဆိုရင်း ဟောပြောပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)