ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

ကော့ကရိတ် နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍  စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် “လူငယ်နှင့်အထက်တန်းစား စိတ် ဓါတ်’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ ၁နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင် လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို ပြန်လည်မျှဝေဆွေးနွေးနိုင်စေရေးရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတွင် Book Clubအဖွဲ့ဝင် ဦးမန်းတင့်မော်က လူငယ်နှင့်အထက်တန်းစား စိတ်ဓာတ်စာအုပ်မှ ပေါင်းသင်းဆက်ဆံရေးသည်လူတိုင်းအတွက်တစ်ကယ့်ကို အရေးကြီးဆုံးဖြစ်သောကြောင့် လူငယ်တွေအနေနဲ့သတိထားပြီး ပေါင်းသင်းဆက်ဆံကြရေး၊ နောင်တဆိုတဲ့ တရားကို နောက်မှရလေခြင်းမျိုး မဖြစ်ရလေအောင် သတိဆောင်ပြီးတေ့ာပေါင်းသင်းဆက်ဆံရေးကို အလေးထားဂရုပြုကြရေးစသည့် “လူငယ်နှင့်ပေါင်းသင်းဆက် ဆံရေး” ခေါင်းစဥ်ပါအကြောင်း အရာတို့ကိုလည်းကောင်း၊ Youth Clubအဖွဲ့ဝင် ဒေါ်သင်းမြတ်သော်က “လူငယ်နှင့်ပျော်ရွှင်မှု” ခေါင်းစဥ်ပါအကြောင်းအရာကိုလည်းကောင်း၊ ဒေါ်ခင်သီတာဆန်းက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ပါအကြောင်းအရာတို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်စာဖတ်ပရိသတ်များက  အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)