မတ္တရာ နိုဝင်ဘာ ၃
မန္တလေးတို်ငးဒေသကြီး မတ္တရာမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၁ နာရီက မတ္တရာမြို့ ရွှေဘုံစံဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား အာဟာရလှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာဟာရကျွေးမွေးလှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် ဇနီးဒေါ်ဖြိုးအိဆွေ၊ မြို့နယ်အထွေထွေအု်ပချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ရွှေဘုံစံဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား တစ်နေ့တာအတွက် အာဟာရထမင်းဟင်းများ ကျွေးမွေးလှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)