အုတ်တွင်း နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးဦးဝင်းနိုင်နှင့် ဝန်ထမ်းများသည် လူစည်ကားရာနေရာများ၌ ယနေ့နံနက်ပိုင်းက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး မြေစိုက်ပိုစတာများတွင် မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/ ၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ပါကြောင်း အသိပညာပေးထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ဝေသည့်မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေးလက်ကမ်းစာစောင်များအား လူအသွားအလာများသည့် နေရာများနှင့်လူစည်ကားရာနေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း အဆိုပါမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)