ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ငွေကျပ် ၁၉၃၈ ဒသမ ၅၆၈ သန်းထုတ်ချေးပြီးစီး

ကျောက်ပန်းတောင်း  နိုဝင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာများအနက်၊ (၁၀/၂၀၂၂)လအတွင်း အရင်းပြန်လည်ပေးဆပ်ပြီး မြစိမ် းရောင်ကျေးရွာစီမံကိန်း ၄၄ ယူနစ်ကို ထုတ်ချေးငွေ ကျပ်သန်း ၁၉၃၈.၅၆၈ သန်း ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာများအရောက် ကွင်းဆင်း၍ ကျေးရွာမြစိမ်း ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များနှင့်အတူ၊ စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၉၉၅)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၂၁၄၆)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၅၈)ဦး၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူ (၄၂)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၃၁၃)ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ(၂၃)ဦး၊ စုစုပေါင်း(၆၅၇၇)ဦးတို့ကို စီမံကိန်းရန်ပုံငွေ ကျပ်(၁၉၃၈.၅၆၈)သန်း ထုတ်ချေးပေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရံပုံငွေ ထုတ်ချေးပေးနိုင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တိုးပွားလာသည့် ရံပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် မမျှောမှန်းနိုင်သောဘေး အန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောသည်။

နေအောင်(ပြန်/ဆက်)