မြောက်ဦး နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သော (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားကိုကြွရောက်လာကြသော ဆရာတော်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်နှင့် ဝန်ထမ်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ (၃) ကြိမ်ရွက်ဆိုဖွင့်လှစ်ပြီးနောက် အနောက်သုံးကျိပ်တစ်ဆူ ဆရာတော်ကြီး ဘန္ဒန္တ ပညာသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များမှ မေတ္တာသုတ် အစရှိသည့် ပရိတ်တရားတော်မြတ်ကို ဟောကြားချီးမြှင့်ပြီးနောက် ဆရာတော်ကြီးများအား ခရိုင်အုပ်ချုပ် ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္တုများကို ဆပ်ကပ် လှူဒါန်း၍ အနောက်သုံးကျိပ်တစ်ဆူဆရာတော်ကြီး ဘန္ဒန္တ ပညာသမိမှ ဤလှူဒါန်းရခြင်း၏ ကု သိုလ်ကောင်းမှုကို အနုမောဒနတရားဟောခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)