မိုးကုတ် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ (၂၇)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉ ) နာရီအချိန်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အရှေ့ရွာရပ်ရှိ အရှေ့ရွာဘုန်းကြီးကျောင်းတွင် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှ ဦးစီးကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအစီစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နရကအဖွဲ့ဥက္ကဋ္ဌ ဘုံသာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈတော်မူသော ပရိတ်တရားတော်များအားနာယူခြင်း၊ ကထိန်မရရှိသေးသော ကျောင်းများအား ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃာ့နရကအဖွဲ့ဥက္ကဋ္ဌ ဘုံသာကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်များအား ပူဇော်ကန်တော့ခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
အဆိုပါ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်မှာ မိုးကုတ်မြို့နယ်အတွင်း ကထိန်မရရှိသေးသော ဘုန်းတော်ကြီးကျောင်းများအတွင်းရှိ ပုရိမဝါမှထမြောက်တော်မူကြ သော သံဃာတော်များအား မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်း၊ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္တုစုစုပေါင်းတန်ဖိုးကျပ် (၂၈၁)သိန်းကျော် လှူဒါန်းခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရှိရသည်။
နန်းခွာညိုနှင်း