မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး

မိုင်းယန်း နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “အတွေးအမြင်ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် လူငယ်၊လူရွယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့်  ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးတို့အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်းပြောကြားပြီး လူထုစိန်ဝင်း ရေးသားသော “အတွေးအမြင်ဆောင်းပါးများ” စာအုပ်မှ “ကြိုးစားတာအချည်းနှီးမဖြစ်ပါ” ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် (Youth Club) အသင်းဝင် ဦးစိုင်းနွံခမ်းမှ “ထူးချွန်မှုနှင့်ထူးခြားမှု” ခေါင်းစဉ်ဖြင့် အောင်မြင်တဲ့သူတစ်ဦးဖြစ်လာဖို့ အခွင့်အရေးများစွာရှိနေသည့် အကြောင်းအရာများကိုလည်းကောင်း၊ (Youth Club) အသင်းဝင် ဦးစိုင်းခမ်းခေးက “လူငယ်တွေအတွက်လူကြီးများရဲ့တာဝန်” ခေါင်းစဉ်ဖြင့် လူငယ်များ၏ အမြင်နှင့်အတွေးအခေါ်ဆိုင်ရာများကိုလည်းကောင်း၊ (Youth Club) အသင်းဝင် ဦးဟိန်းထက်နိုင်မှ “စိတ်သာအဓိက”ခေါင်းစဉ်ဖြင့် မိမိကိုယ်တိုင်ဖြစ်ချင်စိတ် အခိုင်အမာထားရှိသင့်သည့် အကြောင်းအရာများကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး