ငပု​တောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

ငပု​တော နိုဝင်ဘာ ၈

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုဝင်းက ကျေးလက်နေပြည်သူများ​၏ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြသည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာမှ စာတွေ့ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည့် လုပ်ငန်းအစီအစဉ်များအား မိတ်ဆက်ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကယ်ပြင်သင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၃) သိန်းဖြင့်  နိုဝင်ဘာလ ( ၈)ရက်နေ့မှ ဒီဇင်ဘာလ  (၇)ရက်နေ့ထိ (၃၀) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသင်တန်းကို  စုစုပေါင်းကျေးရွာ (၁၅)ရွာမှ သင်တန်းသား(၃၀)ဦးအား ပြင်ပမှငှားရမ်းထားသည့် ကျွမ်းကျင်နည်းပြဆရာမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ငပု​တောမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအဖြစ်၊ ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦး​အောင်ကိုဝင်းထံမှ သိရသည်။

အောင်သူ (ငပုတော)